이지아 as Sarah Kim

Episodes 12

အပိုင်းသစ် ၁

0%
January 31, 20241h 5m
1x1

"ဆာရာက ထက်မြက်တဲ့ ကွာရှင်းရေးရှေ့နေဖြစ်ပြီး တောင်ကိုရီးယားရဲ့ထိပ်တန်းရှေ့နေရုံး ချာယူဥက္ကဋ္ဌရဲ့ ချွေးမလည်း ဖြစ်ပါတယ်။ ချာယူမိသားစုအသိအမှတ်ပြုတာခံရဖို့အတွက် ယူလိုက်တဲ့အမှုတစ်ခုကနေ ဆာရာက လွန်ခဲ့တဲ့ ကိုးနှစ်က သူမရဲ့အချစ်ဟောင်း ဂီဂျွန်နဲ့ ပြန်ဆုံဖြစ်သွားပါတယ်။ မတရားမှုအနိုင်ရတာကို မကြည့်နိုင်တဲ့ ဂီဂျွန်က ဆာရာကို အကြံတစ်ခုပေးပေမဲ့ ဆာရာက သူ့ယောကျ်ားနဲ့ ယောက္ခမ လှည့်စားတာကို ခံထားရတဲ့အချိန် ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဆာရာက ယောင်ဆောင်ကွာရှင်းခံလိုက်ရပြီး ထောင်လည်းကျသွားပါတယ်။ နေ့ချင်းညချင်းကို ရှေ့နေကနေ ရာဇဝတ်သား ဖြစ်လို့သွားပါတော့တယ်။"

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၂

0%
February 1, 20241h 6m
1x2

"ဆာရာတစ်ယောက် ထောင်ကလွတ်လာပြီးနောက်မှာ ကွာရှင်းမှုအကျိုးတော်ဆောင်ဆိုတဲ့ အမည်ခံနဲ့ ဆလူးရှင်းမှာ အဖွဲ့မှူးအဖြစ် အလုပ်လုပ်ပါတယ်။ တစ်နေ့မှာတော့ ရောင်းအားအကောင်းဆုံး စာရေးဆရာမနဲ့ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းသတင်းတင်ဆက်သူတို့ကြားက အိမ်ထောင်ရေးကွာရှင်းမှုကို တာဝန်ယူပေးရဖို့ ဖြစ်လာပါတယ်။ တစ်ဖက်ရှေ့နေကတော့ ချာယူရှေ့နေရုံးက ဖြစ်ပါတယ်။ ဆာရာကတော့ သူ့ခင်ပွန်းဟောင်း နိုယူဆောင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်နေပါတယ်။ တစ်ဖက်မှာကျ အမှုစစ်ဒုန်ဂီဂျွန်က နာယူမီသတ်သေတဲ့အမှုကို အာရုံလွှဲမရသေးဘူးဖြစ်နေပါတယ်။ သေချာတူးဆွကြည့်ပြီးနောက်မှာတော့ ယူဆောင်းက ဒီအမှုနဲ့ ထဲထဲဝင်ဝင် ပတ်သက်နေတာကို သတိပြုမိသွားပါတယ်။ ဒီအမှုနောက်ကွယ်က အမှန်တရားကရော ဘာဖြစ်နိုင်မလဲ။"

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၃

0%
February 7, 20241h 7m
1x3

"စာအုပ်ကြီးသမားမဟုတ်တဲ့ရှေ့နေ ဂီဂျွန်ရောက်လာတဲ့အခါ ဆလူးရှင်းဟာ ပြီးပြည့်စုံသွားပါတယ်။ သူတို့ရဲ့ အကြောက်အလန့်မရှိတဲ့ ဖြေရှင်းနည်းနဲ့ တရားမျှတမှုအတွက် အပြစ်ပေးခြင်းကို အားတက်သရော စတင်ပါတော့တယ်။ ဂျန်ဂျယ်ဂုတစ်ယောက်တည်း မျိုးစုံကြိုးခုန်ပြနေတာကို သူတို့ထိုင်ကြည့်မနေနိုင်ပါဘူး။ ဆာရာရဲ့အထူးဖြေရှင်းနည်းနဲ့ ယုတ်မာတဲ့ခင်ပွန်းကို အပြစ်ပေးကြပါတယ်။ ဒီအမှုအတွက် သူတို့ဖြေရှင်းနည်းကတော့ နစ်နာသူတွေ ပူးပေါင်းကြတာပါ။ အဲဒီအချိန် ဆလူးရှင်းကို မထင်မှတ်ထားတဲ့ အမှုသည်တစ်ယောက် ရောက်လာတာကြောင့် ဆာရာတစ်ယောက် အံ့အားသင့်သွားပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၄

0%
February 8, 20241h 6m
1x4

"ဆာရာ့ကို နိုယူဆောင်း ကွာရှင်းခဲ့သလို ဂျီအင်းလည်း တစ်ပုံစံတည်း ရင်ဆိုင်နေရပါတယ်။ သူမက ယူ‌ဆောင်းသိလို့မဖြစ်တဲ့ လျှို့ဝှက်ချက်တစ်ခု ဆာရာ့ကို ပြောပြပါတယ်။ ဆာရာက ဆလူးရှင်းစတိုင်နဲ့ ဂျီအင်းကို ကယ်တင်ဖို့ နည်းလမ်းရှာပါတယ်။ ဆာရာနဲ့ ဂီဂျွန်းတို့ဟာ အတူအလုပ်လုပ်ရင်း ရှုပ်ထွေးတဲ့ခံစားချက်တွေ ခံစားနေရပါတယ်။ သူတို့ကွဲကွာသွားခဲ့တာ အချိန်တွေ အရမ်းကြာပြီး မတူညီတဲ့ဘဝကိုယ်စီမှာ နေခဲ့ကြပေမဲ့ ဆာရာရော ဂီဂျွန်းရော နှစ်ယောက်လုံးမှာ အချင်းချင်းလေးစားခဲ့ကြတဲ့ စရိုက်လေးတွေ ရှိနေကြတုန်းပါ။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၅

0%
February 14, 20241h 4m
1x5

"ယူဆောင်းဟာ နောက်ဆုံးတော့ ဂျီအင်းကို အကျပ်ကိုင်စရာရသွားခဲ့ပြီး ဂျီအင်းကို အသုံးချကာ နိုင်ငံ‌ရေးရှိုး စတင်ပါ‌တော့တယ်။ ဒါပေမဲ့ ဆာရာက ဒီလိုဖြစ်ခွင့် မပေးနိုင်ပါဘူး။ အရှုံးပေးရင် ကိုယ်ပဲနစ်နာမယ်လို့ ဆာရာက ထင်ပါတယ်။ အဲဒီခံယူချက်နဲ့ သူမစိတ်နဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခဲ့ပါတယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်‌ချောင်းအတွက် သွားတစ်ချောင်း။ ပိုမိုက်တဲ့ နိုင်ငံရေးရှိုးနဲ့ နိုယူဆောင်းကို ပြန်လည်တိုက်ခိုက်ပါတယ်။ ဆာရာက နိုယူဆောင်းကို အကြီးအကျယ် နှောင့်ယှက်နိုင်ခဲ့ပါတယ်။ လူယုတ်မာ ခင်ပွန်းဟောင်းနိုယူဆောင်းကို တစ်ယောက်တည်း မတွေ့မိအောင်ရှောင်တာ အကောင်းဆုံးပါပဲ။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၆

0%
February 15, 20241h 6m
1x6

"နာမည်ကျော် အွန်လိုင်းရုပ်သံလွှင့် ဘီဂျေ ချွဲရာဟီး ဆလူရှင်းကိုရောက်လာပြီး ကွာရှင်းဖို့ အကြံဉာဏ်ယူခဲ့ပါတယ်။ သူ့ကိုတွေ့ရတဲ့အတွက် ဂီဂျွန်တစ်ယောက် အံ့အားသင့်နေပါတယ်။ ရာဟီးက ကွာရှင်းဖို့ သိပ်စိတ်အားထက်သန်ပုံမရဘဲ ဂီဂျွန်ကိုပဲ အာရုံစိုက်နေပါတယ်။ အဲဒါကို ဆာရာက သတိထားမိပြီး အာရုံခံကြည့်ခဲ့ပါတယ်။ သူတို့ဆလူးရှင်းဟာ ချွဲရာဟီးဆီသွားမဲ့အစား သူ့ခင်ပွန်းဆီရောက်သွားပါတယ်။ အမှုသည်ရဲ့ခင်ပွန်းကို ကွာရှင်းဖို့ အဖြေရှာပေးရတာ ဆလူးရှင်းအတွက် ဒါပထမဆုံးအကြိမ်ပါ။ နောက်တော့ ရာဟီးကို အခမ်းနားဆုံးနဲ့ ဒရာမာအဆန်ဆုံး ဆလူးရှင်းပေးခဲ့ပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၇

0%
February 21, 20241h 8m
1x7

"ဥပဒေကျောင်းဆောက်ဖို့ နိုယူဆောင်းက အရှိန်အဟုန်ပြည့် လုပ်ဆောင်နေပါတယ်။ ဆာရာက သူ့ကိုတားဖို့ ဟန်ဂျူပါတီကိုယ်စားလှယ် ဂင်ယောင်းအာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ဂင်ယောင်းအာက မျှော်လင့်မထားတဲ့ အမှုတစ်ခု အပ်လာပါတယ်။ ဂင်ယောင်းအာ မကွာရှင်းရအောင် တားဆီးဖို့ ဆလူးရှင်းအဖွဲ့ဟာ စကြဝဠာရဲ့စွမ်းအင်နဲ့ ရင်ဆိုင်တိုက်ခိုက်ရပါတယ်။ ဂီဂျွန်းက နာယူမီအမှုနောက်ကွယ်က ဖြစ်ရပ်မှန်ကို ဆက်လက်ဖော်ထုတ်နေဆဲပါ။ နောက်ဆုံး ပါမောက္ခဆောရဲ့ဖုန်းကိုရသွားခဲ့ပြီး အရေးကြီးသက်သေ ရလာခဲ့ပါတယ်။ သိလိုက်ရတာက ဒီအမှုကို တူးဖော်လေလေ သူနဲ့ ဆာရာတို့ အန္တရာယ်များ‌လေ ဆိုတာပါပဲ။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၈

0%
February 22, 20241h 8m
1x8

"သင်းအုပ်ဆရာချွန်းဂျီကို ဖျက်ဆီးဖို့ ဆလူးရှင်းက အထူးအစီအစဥ်နဲ့ ဆက်သွားနေပါတယ်။ ဆာရာတစ်ယောက် ချွန်းဂျီဒုံစန်ကနေ ဂင်ယောင်းအာနဲ့ ကလေးတွေကို ဆွဲထုတ်နိုင်ပါ့မလား။ အဲဒါအပြင် နိုယူဆောင်းရဲ့ ဂင်ယောင်းအာဆွဲချရေး ပရောဂျက်ကို တန်ပြန်တိုက်ခိုက်နိုင်မဲ့ အစီအစဉ်တစ်ခုလည်း ဆာရာ့မှာ ရှိနေပါသေးတယ်။ ဒီပြင်းထန်တဲ့တိုက်ပွဲမှာ နိုယူဆောင်းနဲ့ ဂင်ဆာရာ ဘယ်သူအနိုင်ရမလဲ။ နောက်တော့ နိုယူဆောင်းက ဆာရာ့ကို နည်းလမ်းသစ်နဲ့ချဉ်းကပ်ဖို့ ဆုံးဖြတ်ပြီး ထိတ်လန့်စရာ အကြံပြုချက်တစ်ခု ပေးလာပါတယ်။"

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၉

0%
February 28, 20241h 2m
1x9

"ဆာရာက သူမနှလုံးသား ပြောင်းလဲနေမှန်း သိပါတယ်။ ဂီဂျွန်းအပေါ် သူမခံစားချက်တွေ ကြီးထွားလာချိန်မှာ ဂီဂျွန်းနဲ့အတူ သူမအမေရဲ့ နာရေးနှစ်ပတ်လည် ပြင်ဆင်ရပါတယ်။ ပျောက်သွားတဲ့ သတင်းပေးသူက ဆာရာ့အမေဆိုတာ ဂီဂျွန်း သိလိုက်ရပါတယ်။ ဆာရာလည်း သူမအမေက နာယူမီအမှုက မျက်မြင်သက်သေဖြစ်ပြီး နာယူမီ သေကြောင်းကြံတာ မဟုတ်‌‌လောက်ဘူးဆိုတာ သိလိုက်ရပါတယ်။ ဒီအမှုနောက်ကွယ်က အဖြစ်မှန်ကို သူမ ဖော်ထုတ်ရမှာပါ။ အဓိကလူကတော့ သူမအမေဆီမှာ အလုပ်လုပ်ခဲ့တဲ့ အချိန်ပိုင်းဝန်ထမ်း ဘယ်ဆိုဟီးပါပဲ။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၁၀

0%
February 29, 20241h 5m
1x10

"အားလုံးကန့်ကွက်နေတဲ့ကြားက ဆာရာတစ်ယောက် နိုယူဆောင်းတို့အိမ်ထဲ ပြန်ဝင်သွားပါတယ်။ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်တာကြောင့် ဘယ်သူမှ သူ့ဆုံးဖြတ်ချက်ကို မပြောင်းနိုင်ပါဘူး။ အားလုံး ဘာမှမတတ်သာဘဲ သူ့ဆုံးဖြတ်ချက်ကို ယုံကြည်ဖို့ပဲရှိပါတယ်။ ဒီလိုနဲ့ ချာယူအတွက် အလိမ်အညာရှိုးပွဲကြီး စတင်ပါတော့တယ်။ ဆာရာ ချာယူထဲရောက်တာနဲ့ အမှုနှစ်ခုရဲ့သဲလွန်စတွေကို ရှာပါတော့တယ်။ ဆာရာတစ်ယောက် ဘယ်လိုသဲလွန်စမျိုးကို ရှာတွေ့မှာလဲ။ အဲဒါအပြင် အကန့်အသတ်ထုတ် အားကစားဖိနပ်စီးတဲ့ ယောက်ျားတစ်ယောက်က အမှုနှစ်ခုစလုံးမှာ ပါဝင်ပတ်သက်နေပါတယ်။ ဒီလိုနဲ့ အမှုကိုတူးဖော်လေလေ ပိုပြီးရှုပ်ထွေးလာလေလေပါပဲ။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

အပိုင်း ၁၁

0%
March 6, 20241h 6m
1x11

"ဆာရာ့အမေသေဆုံးမှု နောက်ကွယ်က အဖြစ်မှန် ပေါ်ထွက်လာပါပြီ။ ဆာရာက နိုယူဆောင်းနဲ့ ဥက္ကဋ္ဌချာတို့ အချင်းချင်း မယုံမကြည်ဖြစ်စေဖို့ အစီအစဉ်တစ်ခု ဆွဲပါတယ်။ နောက်ဆုံးမှာ နိုယူဆောင်း အဖမ်းခံရပေမဲ့ အားလုံး ဥက္ကဋ္ဌချာကြံစည်ခဲ့တာလို့ အပြစ်ပုံချလိုက်ပါတယ်။ အဲဒီအချိန်မှာ ဟီဂျင်းက ချာယူမြို့ ရင်းနှီးမြှုပ်နှံသူများ‌ရှေ့မှာ နိုယူဆောင်း နာယူမီအ‌ပေါ် လုပ်ခဲ့တဲ့လုပ်ရပ်ကို ဖော်ထုတ်ခဲ့ပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

"ဂျီအင်းက ငါးဦးအဖွဲ့အချက်အလက်တွေကို ဆာရာ့ဆီ လွှဲပေးပြီး ကူညီခဲ့ပါတယ်။ ဆာရာက နိုယူဆောင်းဖွက်ထားတဲ့ စာရင်းစာအုပ်ကိုလည်း ရှာတွေ့ခဲ့ပါတယ်။ နိုယူ‌ဆောင်းက ဆာရာ့ကို ပြန်ပေးဆွဲပြီး စာရင်းစာအုပ်ကို သူမအတုလုပ်ထားတာဖြစ်ကြောင်း ခြိမ်းခြောက်ပြီး ပြောခိုင်းပါတယ်။ ဒါပေမဲ့ ဂီဂျွန်းက ဆာရာ့ကို လာကယ်ခဲ့ပြီး နိုယူဆောင်းကို သူ့လုပ်ရပ်အားလုံးအတွက် အပြစ်ကြွေးဆပ်စေပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

You need to be logged in to continue. Click here to login or here to sign up.

Can't find a movie or TV show? Login to create it.

Global

s focus the search bar
p open profile menu
esc close an open window
? open keyboard shortcut window

On media pages

b go back (or to parent when applicable)
e go to edit page

On TV season pages

(right arrow) go to next season
(left arrow) go to previous season

On TV episode pages

(right arrow) go to next episode
(left arrow) go to previous episode

On all image pages

a open add image window

On all edit pages

t open translation selector
ctrl+ s submit form

On discussion pages

n create new discussion
w toggle watching status
p toggle public/private
c toggle close/open
a open activity
r reply to discussion
l go to last reply
ctrl+ enter submit your message
(right arrow) next page
(left arrow) previous page

Settings

Want to rate or add this item to a list?

Login