1978 ခုနှစ်ကစပြီး အမေရိကန်နိုင်ငံမှာ စာပို့စနစ်ကို အသုံးပြုပြီး အကြမ်းဖက်ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာတယ်။ အဲ့ဒီဖြစ်စဉ်တွေ အကုန်လုံးကို လူတစ်ယောက်တည်းကပဲ ကြိုးကိုင်နေတယ်ဆိုတာကို သိရပေမယ့် သူဟာဘယ်သူလည်း ဘာကြောင့်မို့ ဒီလိုမျိုးလုပ်ရပ်တွေကို လုပ်နေတာလဲဆိုတာ အမေရိကန်နိုင်ငံရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးဌာနဖြစ်တဲ့ FBI တောင်မှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ အဲ့ဒီ ဗုံးသမားဟာရုတ်တရက်ဆိုသလိုပဲ ပျောက်သွားတယ်။ ဘာဗုံးကွဲမှုမှ ဆက်မဖြစ်တော့ဘူး။ ဘာသဲလွန်စမှမကျန် ဘာသံမှ မကြားရဘဲ ပျောက်သွားတယ်။ လူတွေဟာလည်း ဒီလူသေသွားပြီလို့ ယုံကြည်သွားတယ်။ ဒီလိုနဲ့ နှစ်ပေါင်းအတော်ကြာပြီး ၁၉၉၅ မှာ အဲ့ဒီ ဗုံးသမားဟာ သူပုံစံအတိုင်း စာတိုက်ကနေတစ်ဆင့်ဗုံးတွေပို့ ၊ဖောက်ခွဲပြီး ပြန်ပေါ်လာတယ်။ဒီတစ်ခေါက်မှာတော့ သူဟာ စာလုံးရေ “၃၅၀၀၀” ပါတဲ့ ကြေညာစာတမ်းတစ်ခုကို New York Time သတင်းစာကို ပို့ပြီး လူတွေလက်ခံထားတဲ့ ယုံကြည်ထားတဲ့ စနစ်ကြီး တစ်ခုလုံးကို မေးခွန်းတွေ မေးပြီး စိမ်ခါ်လာတယ်။ ဒီလူဟာ ဘယ်သူလဲ ၊သူဘာကြောင့် ဒီလိုတွေလုပ်နေတာလဲ ၊သူ့အတွေးအခေါ်ဟာ ဘာလဲ၊ FBI ကရော ဒီလူကို ဖမ်းမိပါ့မလား။
ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကတော့MCUရဲ့ Thor အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworthရဲ့ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကိုတော့ ကြားဖူးထားလောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် သူ့ရဲ့မျိုးရိုးလိုက်တတ်တဲ့အယ်လ်ဇိုင်းမားရောဂါအကြောင်း သိရှိပြီးတဲ့နောက်မျာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေ ရပ်နားထားမှာဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ရိုက်ကူးဖြစ်မလဲတော့ အတိအကျ ပြောဆိုထားခြင်း မရှိသေးပါဘူး။သူက Avengers ရိုက်ကူးနေစဉ်ကာလကတည်းက စိတ်ဖိစီးမှုဒဏ်တွေ အများအပြားခံစားခဲ့ရပြီး သူ့ရဲ့ စားသောက်နေထိုင်မှုပုံစံတွေကိုပါပြောင်းလဲပစ်ခဲ့ရသူပါ။ဒီ documentary မှာတော့ Chris Hemsworth ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တွန်းလှန်သွားနိုင်မဲ့ အပြင်းစားစိန်ခေါ်မှုကြီးခြောက်ခုကို လုပ်ဆောင်ပြသွားမှာဖြစ်ပါတယ်။စိတ်ဖိစီးမှုဒဏ်ကို တွန်းလှန်နိုင်ဖို့က အဲဒီလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အရာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ခြင်းဖြစ်တယ်ဆိုတဲ့ အဆိုအရသူအရမ်းကြောက်တဲ့ သူမလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့ စိန်ခေါ်မှုအကြီးစားတွေကို လုပ်ဆောင်ရင်း သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးသွားမှာမျိုးပါ။
While vacationing at a mountain cabin, a group of longtime friends uncovers an old scandal that could have deadly consequences.
Kang Woo is a talented college student who is studying the fine arts. Strange things begin to happen when his girlfriend, Wol Ha, and a few friends come to visit him at his family's mountain cabin.