Temptress Moon (1996)
Score
What the heart hides, the moon reveals.
Overview
ဖန်းယုရီက သူတို့အိမ်တော်က လူကြီးတွေကျေးဇူးနဲ့ ငယ်ငယ်လေးကတည်း ဘိန်းစွဲနေသလို လတ်စလီချောင်ရဲ့ဇာတ်ကောင်ကလည်း ဂေါင်လီရဲ့အစ်ကို ဘိန်းသမားကျေးဇူးနဲ့ စိတ်ဒဏ်ရာတော်တော်မသေးဘူး။ ဘိန်းကြောင်ပြီး သူ့မိန်းမနဲ့ သူ့မိန်းမရဲ့မောင်ကို မောင်နှမချင်း အတင်းမဖွယ်ရာမရာပြုခိုင်းတဲ့ဒဏ်ကို လတ်စလီချောင်ရဲ့ဇာတ်ကောင်က ခံစားခဲ့ရတယ်။ သွမ့်ဝူကျ အမျိုးဆိုပေမဲ့ အမျိုးဝေးတော့ ကျွန်သပေါက်သာသာ နှိမ်တာခံခဲ့ရတယ်။ ဒီလိုနဲ့ လတ်စလီချောင်ရဲ့ဇာတ်ကောင်က သူ့ယောက်ဖဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ပီကင်းကို စာသင်ဖို့ထွက်သွားခဲ့တယ်။ သို့ပေမဲ့ စာသင်တဲ့ဆီမရောက်ဘဲလမ်းမှာ ပစ္စည်းတွေအလုခံရပြီး လူမိုက်ဂိုဏ်းဝင်ဖြစ်သွားခဲ့တယ်။ ဂေါင်လီကလည်း ဘိန်းစွဲနေလို့ စေ့စပ်ကြောင်းလမ်းထားတဲ့အိမ်ကနေ ဖျက်သိမ်းတာခံလိုက်ရတယ်။ ဒီလိုနဲ့ သူတို့အရွယ်ရောက်လာပြီး ဖန်းသခင်ကြီးသေသွားတဲ့အချိန်မှာ အစ်ကိုက ဘိန်းဒဏ်နဲ့ နာလန်မထူတော့လို့ ဂေါင်လီက အိမ်ရဲ့ အကြီးအကဲဖြစ်လာခဲ့တယ်။ ဒီအချိန် လတ်စလီချောင်က ပြန်လာပြီး ဖန်းအိမ်က စည်းစိမ်တွေကို အပိုင်သိမ်းဖို့ကြံတယ်။ ဒါပေမဲ့ ဂေါင်လီကို ချစ်မိသွားပြီး အထမမြောက်ခဲ့ဘူး။ နောက် သူတို့တွေ အဲဒီအိမ်တော်ကြီးထဲ ဘာဆက်ဖြစ်ကြမလဲဆိုတဲ့ ဇာတ်မျိုးပေါ့။
-
Director, Story
-
Story
-
Writer
Original Title 風月
Status Released
Original Language Chinese
Budget -
Revenue -
Keywords
Content Score
100
Yes! Looking good!
Top Contributors
Popularity Trend
Login to report an issue