Hit the Road (2021)
Score
Overview
ဒီဇာတ်လမ်းက ခင်ဗျားတို့ကို ကြည်နူးရင်ခုန်စရာတွေတော့ ပေးနေမှာ မဟုတ်ဘူးဗျ။ မရေရာမှုတွေပြည့်နေတဲ့ ဒီဇာတ်လမ်းရဲ့ ပထမဆုံးသော ဒိုင်ယာလော့ကိုက… ” ဘယ်ရောက်ပြီလဲ “ တဲ့။အဖေ အမေ သားနှစ်ယောက် ခွေးတစ်ကောင် အငှားကားတစ်စီးနဲ့ ထွက်လာတဲ့ ဒီခရီးဟာ ပျော်ပွဲစားခရီးတော့ ဟုတ်မနေခဲ့ပါ။ နိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် လမ်းဆုံးရောက်သွားတဲ့ မိသားစုတစ်စုရဲ့ နောက်ဆုံးအနေနဲ့ အရာရာပုံအောပြီး သားအကြီးဖြစ်သူကို တိုင်းတစ်ပါးကို မှောင်ခိုလွှတ်ဖို့ နယ်စပ်ကို ထွက်လာခဲ့ကြခြင်းပါ။ တရားမဝင်တဲ့ အလုပ်ဖြစ်လို့ လမ်းခရီးမှာ စိုးရိမ်ပူပန်ရတဲ့အပြင် သားအငယ်က တစ်ပူပူ ခွေးက တစ်ဆူဆူနဲ့ ဒုက္ခတွေကြားမှာ အားတင်းရင်း ပန်းတိုင်ရောက်ဖို့ ကြိုးစားနေရှာရတဲ့ မိသားစုတစ်စုကို ခင်ဗျားတို့မြင်ရပါလိမ့်မယ်…တီးမိခေါက်မိသလောက်တော့ ဒီဇာတ်လမ်းက အီရန်နိုင်ငံရဲ့ ခေတ်အခြေအနေတစ်ခုကို ဒါရိုက်တာက မီးမောင်းထိုးပြချင်လို့ ရိုက်ပြထားတာပါ
-
Director, Writer